ငပုတော သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ အမှတ်(၆)၊ အခြေခံပညာမူလတန်း ကျောင်း (အမက) ဥယျာဉ်ကုန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက (၃၇) ကြိမ် မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓဝန္ဒနာကျမ်းဦးဂါထာဖြစ်သော နမောတဿဘုရားရှိခိုးဖြင့် ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ရှိခိုးပူဇော်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နောက်တောရ ကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာစက္ကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးလျှင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမာကျော်နှင့် ဆရာ၊ ဆရာမများက ဆရာတော် သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး တောရကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာစက္ကအရှင်သူမြတ်ထံမှအနုမောဓနာ တရားနာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)