ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “မိုဘိုင်းဖုန်းဖြင့်သတင်း ဗီဒီယိုတည်းဖြတ် နည်းသင်တန်း” ဖွင့်လှစ်

ပေါက်ခေါင်း ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက “မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း” ဖွင့်လှစ်ရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများနှင့် ဗီဒီယိုတည်းဖြတ်နည်းကို စိတ်ပါဝင်စားသည့် လူငယ်များတက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အရည်အသွေးရှိသော သတင်းဗီဒီယိုများ ပေးပို့တင်ပြနိုင်ရေးနှင့်ဗီဒီယို  softtware  အသုံးပြု၍ ကိုယ်တိုင်ဗီဒီယို တည်းဖြတ်နိုင်ရန်အတွက် ဖွင့်လှစ်‌ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်း အဆင့်ဆင့်နှင့် အရုပ်ဖိုင်၊ အသံဖိုင်များအား Kinemaster Software အသုံးပြု၍ ကိုယ်ပိုင်ဗီဒီယိုတည်းဖြတ်နိုင်ရန် လက်တွေ့ပြုလုပ်နည်းတို့ကို ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင် (၂) ဝန်ထမ်းက ဦးဆောင်ဆွေးနွေးပြီး၊ တက်‌ရောက်လာသူများကို မျှ‌ဝေခဲ့သည်။ အဆိုပါသင်တန်းကို  ဩဂုတ်  ၁၇ မှ  ၁၈ ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)