ဆီဆိုင် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့် ကောင်းများတိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အဆိုပါစာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာရရှိမည့် စာအုပ်များကို စုံလင်စွာငှားရမ်းပေးခဲ့ပြီး ထိုသို့ငှားရမ်းပေးခဲ့သောစာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)