ကရသူရိ ဩဂုတ်လ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် စက်သုံးဆီလောင်စာများ ပြတ်လပ်မှုမရှိစေရေး ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ နယ်မြေစခန်းမှူးနှင့် အဖွဲ့ဝင်များ၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါပြီး စက်သုံးဆီအရောင်းဆိုင်များ ဆီရောင်းချခြင်း ရပ်တန့်မှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်းမှန်ကန်စွာရောင်းချနိုင်ရေး၊ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး တို့ကို အသိပေး စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိမြို့တွင် ယခုလက်ရှိအချိန်ထိ ဆီအရောင်းဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်လျက်ရှိကာ ဓာတ်ဆီတစ်လီတာလျှင် (၃၀၀၀) ကျပ်၊ ရိုးရိုးပရီမီယမ် (၃၅၀၀) ကျပ်နှင့် ပရီမီယမ် (၃၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကရသူရိ (ပြန်/ဆက်)