ဧရာဝတီတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ စားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ပုသိမ် သြဂုတ် ၁၇

ဒေသတွင်း စားသုံးဆီဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီအရောင်းစျေးကားကို ပုသိမ်မြို့ပေါ်ရပ်ကွက်များအတွင်း စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပေါင်းစပ်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသုံးဆီ တစ်ပိဿာ ကျပ်(၅,၂၀၀) စျေးနှုန်းဖြင့် ရပ်ကွက်နေ ပြည်သူတစ်ဦးလျှင် တစ်ပိဿာ ရောင်းချ ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်တစ်ခုလျှင် စားသုံးဆီ ပိသာချိန် (၆၆၀)အား ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ Diamond Dragon Co.Ltd မှ ဆီငါးဆယ်ကျပ်သား ပါဝင်သော ဗူးတစ်ဗူးလျှင် ၂,၆၀၀/- ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူသူများ များပြားလျက်ရှိသည်။ စားသုံးဆီ အရောင်းစျေးကားကို ပုသိမ်မြို့ပေါ်ရပ်ကွက် အသီးသီးသို့ လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ ၁၇-၈-၂၀၂၂ ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ်(၁)နယ်မြေ၊ ကွမ်းခြံရပ်တွင် စားသုံးသူများအတွက် တန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံမှ သိရသည်။

မြင့်ဟန် (ခရိုင်ပြန်/ဆက်)