ဟိုပန် ဩဂုတ် ၁၇
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ မြို့အတွင်းသန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများအား အထူးအလေးထား စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင်ယနေ့နံနက်ပိုင်း၌ ဟိုပန်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦးနှင့် ဝန်ထမ်းများက ဟိုပန်မြို့အတွင်း လမ်းမကြီးဘေးဝဲယာနှင့် အများပြည်သူအပန်းဖြေခြင်း၊ အားကစားပြုလုပ်ကြသည့် နေရာတစ်ခုဖြစ်သည့် လွတ်လပ်ရေး ကျောက်တိုင်ကွင်းနေရာများ၌ မြက်ဖြတ်ခြင်း၊ မြို့အဝင်ဆိုင်းဘုတ်နှင့် We Love Hopang စာတန်းနေရာများရှိ မြေယာရှု့ခင်းများအား ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ မြက်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းပင်များစဉ်ဆက်မပြတ် ဖူးပွင့်နေစေရေး ရေလောင်းခြင်း၊ ပေါင်းသင်မြေဆွပေးခြင်း စသည့် လုပ်ငန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရ သည်။
ဇင်ဇင်(ပြန်/ဆက်)