မအူပင်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မအူပင် ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
ရှေ့ဦးစွာ မအူပင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က လူကုန်ကူးခံရမှုအခြေအနေများ၊ မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း‌ကောင်း လူကုန်ကူးမှု သတိပြု ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို လည်း‌ကောင်းစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင် ဦးအောင်ဇော်ဦးက စာသုံးသူများအနေဖြင့် သတိပြု လိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာ အသိပညာပေး ‌အကြောင်းများကို ဆွေးနွေးပြောကြား၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဇင်မာခိုင်က လူငယ်လူရွယ်များအတွက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ အသိပညာများအား ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားဆိုင်ရာပစ္စည်းများအား ကျောင်းအုပ် ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အား ပြသ၍ လိုက်ပါဆောင်ရွက်စေပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်အသိ ပညာပေးနယ်လှည့်နံရံကပ်စာစောင်းများ ပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရ သည်။
​ခရိုင် (ပြန်/ဆက်)