လားရှိုး ဩဂုတ် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံး၊ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)နှင့်“လူကုန်ကူးမှုအသိပညာပေးဆွေးနွေးပွဲ Talk Show” ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် အမှတ်(၁၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့စုမှူး ရဲမှူးဝင်းညွန့်က “မည်သို့သောလူများသည် လူကုန်ကူးခံရနိုင်ခြေများသနည်း။ လူကုန်ကူးမှုခံရသူများကို မည်သို့ကယ်တင်ဆောင်ရွက်နိုင်သနည်း။ လူကုန်ကူးမှုနှင့်လူမှောင်ခိုဆိုသည်မှာ အဘယ်နည်း။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများအကြောင်း၊ လူကုန်ကူး မှုကျူးလွန်သူများ၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုကျူးလွန်ခံရသူများအား ၎င်းတို့၏ဘဝ ပြန်လည်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများအကြောင်း၊ လူကုန်ကူးမှုများ ပပျောက်/လျော့နည်းရေးအတွက် စီမံဆောင်ရွက်နေမှုများအကြောင်း” တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် Talk Show အစီအစဉ်များ၊ဆွေးနွေးပွဲများ စသည့် အခြားအသိပညာဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိနေပြီး We Love Lashio Facebook Page တွင် လွှင့်တင်ပေးလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)