ဒိုက်ဦးမြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

ဒိုက်ဦး   သြဂုတ် ၁၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်   ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများရေရှည်စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးစိုက်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၉ နာရီအချိန် က နတ်ကင်းကျေးရွာ၊ ဦးပွတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး သက်နောင်ဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊    မြို့နယ်ငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးချစ်သဲအောင်နှင့် အင်းသားကြီးများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရေလုပ်သားများတက်ရောက်ကြပြီး နှစ်လက်မအရွယ်  ငါးမြစ်ချင်းကောင်ရေ (၃၀၀၀၀၀)နှင့် ငါးခုံးမကြီးအကောင်ရေ (၇၀၀၀၀)အား နတ်ကင်းကျေးရွာရှိ သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)