ပေါက်တော ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်းဖြင့် ပေါက်တောမြို့နယ်ရှိ ရွာချောင်းကြီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လမ်းညွှန်ပြောကြားခဲ့ပြီး ကျေးရွာလူထုနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျေးရွာရှိ ရွာတွင်းကွန်ကရစ်လမ်းမှာ အလျား ၇၈၀ ပေ၊အနံ ၆ ပေ၊ ထု ၆ လက်မ ရှိပြီး လမ်းခင်းခြင်း လုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)