ချောင်းသာမြို့ ကံကြီးကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွား

ချောင်းသာ သြဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၌ ယမန်နေ့ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဦးကျော်မြင့်လွင်၏ ဓနိမိုး၊ ဓနိကာ မြေစိုက် အိမ်ပေါ်သို့ အုန်းပင်ပြိုလဲကျမူ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဘိုး ကျပ် ၉ သိန်းခန့်နှင့် လူနှင့် တရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

လေပြင်းတိုက်ပြီး သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သည့် နေအိမ်မှ မိသားစုဝင် ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦး တို့အား တစ်ရွာတည်းနေ ဆွေမျိုးတော်ဆပ်သူ ဦးရွှေတစ်ဇွန်း နေအိမ်၌ ယာယီထားရှိပြီး နေအိမ်ပေါ်သို့ လဲကျနေသည့် သစ်ပင်အား ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီဖယ်ရှား ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)