မိတ္ထီလာ ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို ယနေ့တွင် ပြိုင်ပွဲပထမနေ့အဖြစ်ကျင်းပရာ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည် မြို့နယ်များမှ ပြိုင်ပွဲဝင်များက အဆို (ခေတ်ဟောင်းကာလပေါ်) အသက် ၁ဝနှစ်မှ ၁၅ နှစ် (အမျိုးသား)ပြိုင်ပွဲ၊ အဆို (ခေတ်ဟောင်းကာလပေါ်) အသက် ၁၅ နှစ်မှ ၂ဝ နှစ်( အမျိုးသား) ပြိုင်ပွဲ၊ အဆို (ခေတ်ဟောင်းကာလပေါ်) အသက် ၁ဝ နှစ်မှ ၁၅ နှစ် ( အမျိုးသမီး) ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ကြသည်။ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယ(နောက်ဆုံး)နေ့အဖြစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို တစ်ဆက်တည်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ