လားရှိုး ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ကလေးသူငယ်များကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲသို့ လားရှိုးမြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဘောလုံးကောက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန့်များပေးဝေခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်သောယှဉ်ပြိုင်မှုများ ယှဉ်ပြိုင်တတ်သည့ အလေ့အထကောင်းများရရှိစေရန်၊ အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)