ဇီးကုန်းမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

ဇီးကုန်း ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်) ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ဆန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့ နံနက် ၈ နာရီခွဲက ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးကြီးအရှေ့၌ ရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်၊ စားသုံးသူရေးရာဦးစီးဌာန နတ်တလင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ပြည်သူများအား ဆင်းသုခဆန် တစ်ပြည်ကို (၁၆၀၀) ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ရောင်းချပေးလျက်ရှိသည်။

အလားတူ အမှတ်( ၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်များအတွင်း ကားများဖြင့်လှည်လည်၍ လက်ဝယ်အရောက်ရောင်းချပေခဲ့ပြီး၊ ယနေ့တွင် ဆန်အိတ်(၅၀)အား ရောင်းချပေးခဲ့သည်။ မိဘပြည်သူများ ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက်  ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့လည်း နောက်ရက်များတွင်  လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တင့်ဆွေ(ပြန်ဆက်)