သာကေတ ဩဂုတ် ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အားစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန် က သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စိန်ညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် သာကေတမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်း က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်တွင် လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးအကြောင်းအရာများနှင့် လူငယ်နှင့်အားကစားစိတ်ဓာတ်ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးမင်းမင်းထွန်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်း က အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။ ထို့နောက် တိုက်ကွမ်ဒို အားကစားအဖွဲ့မှ တိုက်ကွမ်ဒို အားကစားနည်းဖြင့် သရုပ်ပြသခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)