ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မောင်တော ဩဂုတ် ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများက ယနေ့ ၁၀ နာရီအချိန်   မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်  မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များက မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့၊ အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်း တစ်ခုဖြစ်ပေါ်လျက်ရှိပြီး လေပွေလှိုင်းသည် ပိုမိုအားကောင်းလာကာ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ရောက်ရှိလာနိုင်သည်ဟု ခန်းမှန်းရပါသဖြင့် မြန်မာကမ်း ရိုးတန်းတစ်လျှေက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ  လေပြင်းတိုက်ခန်ခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်းနှင့်မြေပြိုခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ကုန်းမြေဒေသအနီးတွင် နေထိုင်ကြသူများ၊ မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်  ရေကြီး၊ ရေလျှံမှုများကို ကြိုတင်တင်ပြင်ဆင် သတိပြုနေ ထိုင်ကြပါရန်နှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများ မြစ်ချောင်းပင်လယ်အတွင်းသို့ ထွက်ခွာခြင်း မပြုစေရေး စသည့်တို့ကို အသိပေးလိုက်လံနှိုးဆော်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)