ပုလော ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွှန်မျိုး စိတ်သစ်ဖြစ်သည့် BA.4 နှင့် BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများကို Booster Does ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပုလောမြို့နယ်ခန်းမ၌ ပုလောမြို့ပေါ် ရပ်ကွက်နေ ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန်များကိုတိုင်းတာပေးပြီး ကျန်းမာရေးကောင်းမွန်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Does ကို ပုလောမြို့ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)