ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ကလိန်အောင် ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club)စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က စာရေးဆရာမပေါက်ပေါက် ရေးသားထားသည့် “လူတိုင်းအတွက် ဘဝတစ်သက်တာကျန်းမာရေး” စာအုပ်ပါ အကြောင်းအရာများကိုအခြေခံပြီး စတင်ဆွေးနွေးရာ စာအုပ်ပါအချက်အလက်များနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ အခြားမိမိတို့သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club)အသင်းမှ ဦးသူရလင်းမောင် “ဆီးချိုရှိနေတာသွေးလှူလို့ရပါသလား” ၊ သင့်မျက်စိကို ကာကွယ်ပါ၊ (Youth Club)အသင်းမှ ဒေါ်သက်ရွှေစင်အောင်မှ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တွေက နေ၊ ရေဓာတ်ဘယ်လောက်ရနိုင်မလဲ ဆိုသည့် အကြောင်းအရာကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေနွေးပွဲတက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့်အသိများကို မိတ်ဆွေအချင်းချင်း အပြန်အလှန်ဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများတိုးပွား စေကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

လူမင်းအောင်