သရက် ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီက သီရိမင်္ဂလာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာ သုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်းကို ပြောကြားခဲ့သည် ယင်းနောက် ကျောင်းသား ၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KGမှ Grade5 အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ကျောင်းသူများအား သွားတိုက်ဆေးဗူးများ ပေးဝေပြီး တစ်ဦးချင်း ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်များတိုင်းတာခြင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးကာ မှတ်တမ်းကတ်များတွင် ဖြည့်သွင်းပေးခဲ့သည်။
ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဩဂုတ်(၁၅)ရက်မှ (၂၄)ရက်နေ့အထိ သရက်မြို့နယ်အတွင်း အခြေခံ ထက်/လယ်/ မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်ရက်အလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)