ဝိုင်းမော်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ဝိုင်းမော် ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီမှ ကြီးမှူး၍ ဝိုင်းမော်မြို့နယ် ရပ်ကွက်(၁)ရှိ နန့်မြင်းခချောင်းနှင့် ဧရာဝတီမြစ်အတွင်း၌ ဒုတိယအကြိမ်မြောက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ငါးမျိုးစိုက်ထည့်ခြင်း ကျင်းပပြုလုပ်ရာတွင် ဝိုင်းမော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦးကြည်ထွန်းနှင့် ဝိုင်းမော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝေမိုးထွန်းနှင့် တာဝန်ရှိသူများက နန့်မြင်းခချောင်းအတွင်း နှစ်လက်မအရွယ်ရှိ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၁၀၀၀၀၀)နှင့် ဧရာဝတီမြစ်အတွင်း နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ကောင်ရေ (၂၀၀၀၀၀) တို့အား စိုက်ထည့်ပေးခဲ့ကြသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီမြစ်နှင့် နန့်မြင့်ခချောင်းတို့တွင် ငါးမျိုးစိုက်ထည့်ခြင်းကို ကောင်ရေ (၅၀၀၀၀၀) စိုက်ထည့်ရန် လျာထားပြီး ပထမ အကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်က ဧရာဝတီမြစ် အတွင်း ငါးမြစ်ခြင်းကောင်ရေ (၂၀၀၀၀၀) အား စိုက်ထည့်နိုင်ခဲ့ပြီး လျာထားချက်ပြည့်မီပြီးဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

ဖြူစင်