ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဇေယျာသီရိ ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သာစည်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် ဝန်ထမ်းများက ကျောင်းသူ‌/သားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပ‌စာပေများကိုပါ လေ့လာဖတ်ရှုနိုင်ရေး ရည်ရွယ်၍ ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူ ကလေးငယ် စာဖတ်ပရိတ်သတ်များအတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်းစသည့် စာအုပ်စာစောင်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)