သီပေါမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

သီပေါ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့်လူငယ်အသင်း (Youth Clb)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးကျော်ကျော်လှိုင်က ဩဂုတ်လ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၆)ပါဒေါက်တာမြင့်သန်းထွန်း ရေးသားသော ကင်ဆာရောဂါနှင့်အစားအစာများ ကျန်းမားရေးအသိပညာပေးဆောင်းပါအား ဦးဆောင်ဆွေးနွေးခဲ့ပြီး (Women Club)အဖွဲ့ဝင် ဒေါ်ချောချောထွန်း၊ ဒေါ်ဝိုင်းသူဇာခင်၊ ဒေါ်နန်းမိုဆိုင်၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မယွန်းပြည့်ဖူးငုံတို့က အဆိုပါ ဆောင်းပါးပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)