ကော့မှူး ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေ လေ့လာဖတ်ရှုပြီး ဗဟုသုတအတွေးအမြင်များ ရရှိစေရန် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင် မောင်အာကာကျော်က စာရေးဆရာ ကိုရွှေရင်အေး ရေးသားသည့် “ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်” စာအုပ်ထဲမှ “စူးစမ်းနဲ့စပ်စု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အသင်းမှ ဒေါ်ရတနာမိုးက ကျေးဇူးသိတတ်ခြင်း ပုံပြင်ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အသင်းမှအဖွဲ့ဝင် မောင်အာကာကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)