တနိုင်းမြို့နယ်၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တနိုင်း သြဂုတ် ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေးကို ဩဂုတ် ၂၀ ရက်‌နေ့ နံနက် ၇ နာရီက တနိုင်းမြို့အဝင် ဆုတောင်းပြည့်စေတီတော်နှင့် အေးငြိမ်းချမ်းသာ သီရိမင်္ဂလာမြို့ဦးကျောင်းတို့၌ ပြုလုပ်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ဝန်ထမ်းများစုပေါင်းကာ  ရေစီးရေလာ ကောင်း‌မွန်စေရေးအတွက်  အမှိုက်သရိုက်များအား ဆယ်ယူခြင်း နှင့် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်း များခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် အပင်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရ သည်။

မနောမြေ(တနိုင်း)