မော်လမြိုင်ကျွန်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲ အား ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ သိပညာပေးဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူကုန်ကူးမှု၊ လူမှောင်ခိုမှုအကြောင်းနှင့် လူကုန်ကူးမှုဖြစ်ပေါ်ရခြင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က လူကုန်ကူးမှုအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများအကြောင်း ရှင်းလင်းဆွေးနွေးကာ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က ပြစ်မှုပြစ်ဒဏ်များအကြောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)