မိုင်းယုမြို့၌ စာဖတ်သူများထံ စာအုပ်စာစောင်များ ဆက်လက်ကွင်းဆင်းငှားရမ်းပေး

မိုင်းယု ဩဂုတ် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒေသတွင်းရှိ စာဖတ်သူပြည်သူများထံ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာပေဝါသနာရှင်များ စာပေကိုလွယ်လင့်တကူ လေ့လာဖတ်ရှု့နိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်(Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ ဆက်လက်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများသို့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကသွားရောက်ကာ ရက်သတ္တပတ်ကြိုဌားရမ်းပေးခဲ့သည့် တပတ်ပြည့်ပြီး စာအုပ်စာစောင်များကို တိုက်ဆိုင်စစ်ဆေးသိမ်းဆည်းကာ နောက်ထပ်မံ၍ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်းနှင့်ဝတ္ထုစာအုပ်များ စသည့် စာအုပ်စာစောင်များကို အသစ်လဲလှယ်ငှားရမ်းပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်