ဝါးခယ်မမြို့နယ်၌ ကုန်မျိုးစုံ‌ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဝါးခယ်မ ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် မြို့မဈေးခေါင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းရှင်များနှင့် တွေဆုံဆွေးနွေးရာတွင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ စားသုံးဆီ ရောင်းဝယ်ရေးတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်ရန်၊ သတ်မှတ် ထားသည့် အရည်အသွေး ကျန်းမာရေးနှင့်ကိုက်ညီမှုရှိ၊ မရှိ၊ ကုန်စည်တံဆိပ်အမှတ်အသားများ၊ ကုန်စည်အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသာတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာ သော ကုန်စည်ဖြစ်ပါက တင်သွင်းသူအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာပါဝင်မှုရှိ၊ မရှိ စစ်ဆေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုမရှိသည့် ကုန်စည်များအား တရားမဝင် ရောင်းချခြင်း ရှိပါက စားသုံးသူရေးရာ ဥပဒေအခန်း(၆) ပုဒ်မ(၁၅)(ခ)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက် များဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး‌ ပြောကြားခဲ့‌ကြောင်း သိရသည်။

ဟိန်းထက်လင်း