ကျောင်းကုန်းမြို့ အ.မ.က မြို့သစ်ကျောင်း၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို မြို့သစ်အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်  ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို နံရံကပ်စာစောင်များ ပြသထားရာသို့ ကျောင်းသား ကျောင်သူ လေးများ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် မြို့သစ် အခြေခံပညာ မူလတန်း‌ကျောင်းမှ ကျောင်းသားကျောင်းသူ‌ လေးများမှ တိုင်းရင်းသား ကလေးစာပေပုံပြင်စာအုပ်များ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)