တံတားဦး ဩဂုတ် ၂၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြို့ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝနရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးပွဲကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့နယ် မြင်းသည်ကျေးရွာအုပ်စု မြင်းသည်ကျေးရွာ ပုညကာရီရွာလည်ဓမ္ဓာရုံ၌ ကျင်းပကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန်းနိုင်ဦး၊ အဖွဲ့ဝင်ဦးရဲလင်းသူ၊ ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ထွန်းထွန်းနိုင်တို့ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြင်းသည်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေး၌ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ရဲတင့်