ညောင်ဦး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၃)ရပ်၊ အောင်သပြေရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များတူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်းအမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာ ကွင်းများအားဝင်ရောက်နေသည့်ရေများကို သွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင်ကပ်ညှိပေါက် ပွားနိုင်သည့် လောက်လောင်း ကောင်များအားဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယနေ့တွင်လည်း အမှတ် (၃)အောင်သပြေရပ်အတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို အခြေခံပညာမူလတန်းကျောင်းပတ်ဝန်းကျင်နေရာများ ထိညောင်ဦးမြို့၊ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလို ပါကအမှတ်(၅)အရန်မီးသတ်သို့ အကူအညီတောင်းခံကာ ၀၉၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅၁၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည်။
ကိုကြေးမုံ