ကျိုင်းလပ်မြို့ရုံး၌ မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျန်းမာ‌ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသ

ကျိုင်းလပ် ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျန်းမာ‌ရေးအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်သည့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်ကို‌ သေကြောင်းကြံစည်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစုနှင့် လုပ်ငန်းအ‌ပေါ်စိတ်၀င်စားမှုနည်းလာခြင်း၊ အာရုံစူးစိုက်နိုင်မှု‌လျော့ပါးလာခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင်းကြမှုဖြစ်ခြင်း၊ အစရှိသည့် အန္တရာယ်များကို သတိပြုကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးစာစောင်များ စသည့်အသိပညာဗဟုသုတများစွာ ရရှိနိုင်သည့် နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

မေဇင်ဦး(ပြန်/ဆက်)