ပခုက္ကူ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က အခြေခံဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဆင်းပွဲကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ဌာန၏ လုပ်ငန်းတာဝန်များမှ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page များ၌ ဗီဒီယိုများဖြင့် အသိပညာတင်ဆက်ပေးခြင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန်နှင့် ဗီဒီယို၊ ဓာတ်ပုံနှင့် အသံများ စနစ်တကျ တွဲဖက်တည်းဖြတ် အသုံးပြုတတ်စေရေန်၊ သင်တန်းမှပို့ချပေးသည့် သင်ခန်းစာများအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်ပြည့်စုံသော ဗီဒီယိုများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက သင်တန်းကာလအတွင်း လက်တွေ့သင်ယူ တတ်မြောက်ခဲ့သည့် အတတ်ပညာများဖြင့် မိမိဌာန၏ လုပ်ငန်းတာဝန်များနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် အမှန်တကယ်ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးကီးလိန်းဖေက သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ရာတွင် အသုံးပြုသည့် Softwareများအကြောင်းနှင့် အခမ်းအနားပွဲများ၊ ဆွေးနွေးပွဲများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သတင်းဗီဒီယိုမှတ်တမ်းရိုက်ကူးရယူရာတွင် လိုအပ်မည့်အချက်အလက်များနှင့် လိုက်နာရ မည့်စည်းမျဉ်း၊ စည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ စာဖတ်ညွှန်းနှင့်အခြား အထွေထွေဗဟုသုတများစသည့် စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကို ဗိဒီယိုရိုက်ကူးတည်းဖြတ်ရာတွင် လိုအပ်မည့် အချက်အလက်များ၊ ဗီဒီယို၊ ဓာတ်ပုံ၊ စာသားများဖြင့် မိတ်လက်တင်ပြနည်း၊ အသံထည့်သွင်းနည်းနှင့် သီချင်း၊ အသံများထည့်သွင်းနည်း၊ ဗီဒီယိုဖိုင်တစ်ခုနှင့် တစ်ခုချိတ်ဆက်အသုံးပြုနည်း၊ ဗီဒီယိုဖိုနှင့် ဓာတ်ပုံများ(တွဲ၊ထပ်)တည်းဖြတ်နည်း၊ စာတန်းထိုးအလှပုံဖော် နည်း၊ ဗီဒီယိုတည်းဖြတ် အသုံးပြုရာတွင် လိုအပ်မည့် အသံ၊ ဓာတ်ပုံ၊ ဗီဒီယိုများ download ဆွဲရယူနည်း၊ နောက်ခံအသံ၊ ဓာတ်ပုံနှင့် ဗီဒီယိုများ ထည့်သွင်းအသုံးပြုနည်းများကို (Kinemaster Software)သရုပ်ပြသင်ကြားပေးခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်းတို့ဖြင့် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၀ရက်မှ ယမန်နေ့အထိ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးရာ ပခုက္ကူခရိုင် အပါအဝင် ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်တို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်း(၁၅)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)