အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေပိုမိုဖတ်ရှုနိုင်စေရန် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် လက်ဝယ်အရောက် စာအုပ်များ ငှားရမ်းပေး

ရန်ကုန် ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

စာအုပ်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် စာအုပ်များကို ငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်းခြင်းနှင့် စာအုပ်များ အသစ်ပြန်လည် ငှားရမ်းပေးခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ်ဖြင့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် သွားရောက်ငှားရမ်းပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကို Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)