ပုလောမြို့နယ်၌ အသက် (၁၈) နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၈) နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄) ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ထားဝယ်မြို့၌ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၄) ခရိုင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်နှင့်စားအုန်းဆီများ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်း ဒေသကြီး ဒေသကော်မတီ (၅)နှင့် ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားအုန်းဆီများ ဝယ်ယူနိုင်ရေးအတွက် အမှတ်(၃) ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းတွင် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်းတို့ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက် ရှိ​ကြောင်း သိရ သည်။

နွားထိုးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသ ဖွံ့ဖြိုးရေးအတွက်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက ဩဂုတ် (၁၉) ရက်နေ့မှ (၂၁)ရက်နေ့အထိ ရွာကြီးကျေးရွာအုပ်စု၊ မိုးကန်ကျေးရွာအုပ်စုနှင့် ပြင်စည်ကျေးရွာအုပ်စုတို့တွင် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

သာပေါင်းမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃) လပတ်အတွင်း ဖွင့်လှစ့်သည့်အသက်မွေးဝမ်း ကျောင်းအထောက် အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင်  ရေရှည်တည်တံ့သောကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်း ( TOT ) ဖွင့်ပွဲနှင့်  လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကျင်းပ

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်း(TOT) ဖွင့်ပွဲနှင့်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး  (၁၈ ) ရှိမြန်မာ-ခါနန် ​​တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ  တာဝန် ရှိသူများ ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။

မအူပင်မြို့ မေတ္တာရှင်မိဘမဲ့ဂေဟာတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ညောင်ဝိုင်းကျေးရွာ၊ မေတ္တာရှင်မိဘမဲ့ ဂေဟာတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၁ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to