မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်အတွင်း ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၂

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ၃၇ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ ရတနာကောသဘုရားဝင်းအတွင်း ရတနာဘုမ္မိအရှေ့ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ဗိုလ်မှူးဆွေလွင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်မြဝင်း ဦးစီး(၁+၅)ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကြီးကြပ်(၂)ဦး တင်ဖြိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးညွန့်ဝင်းအောင်၊ မြို့နယ်ဒုပညာရေးမှူး ဦးလွမ်းဇေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူး ဦးရဲမင်းလွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးဘိုဘိုဟန်၊ မြို့နယ်လျှပ်စစ်ရုံးမှလိုင်းတာဝန်ခံ ဦးအေးဝင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား(၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း လုံခြုံရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်ပေးရမည့်လုပ်ငန်းများအား တင်ပြနိုင်ရေး ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ချပြရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်းသာယာစွာနေထိုင်နိုင်ရေးဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် လူငယ်၊ လူရွယ်များ လမ်းမှားမရောက်ရှိစေရေး ချပြရှင်းလင်းခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေးချပြရှင်းလင်းခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်းမှ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ရပ်ကွက်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူများအနေဖြင့် Online သတင်းအမှားများအား နားယောင် မှုမရှိစေရေးချပြရှင်းလင်းခြင်း၊ ဒု-မြို့နယ်ပညာရေးမှူးမှ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ ပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများအား ချပြရှင်းလင်းခြင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူးမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက် နေမှုများ၊ နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက် မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေးကိစ္စရပ်များအား ချပြရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများမှ လျှပ်စစ်မီးတာခဘေလ်များ လစဉ်မရောက်ရှိသည့်ကိစ္စ၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးကိစ္စနှင့် လုံခြုံရေးအရ လမ်းမီးများထွန်းလင်းရန်လိုသည့် ကိစ္စရပ်များအား ဆောင်ရွက်ပေးရန်တင်ပြခဲ့ပြီးနောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ပြည်သူများမှ တင်ပြသည့် ၃၇ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ ရေမြောင်းပိတ်ဆို့နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာမှဆောင်ရွက်သွားနိုင်ရေး၊ အ-ထ-က(၁၃) ကျောင်းသန့်ရှင်းသာယာလှပရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း