ကျောက်မဲ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၈)နာရီမှစ၍ ပင်စင်စားများအား ပင်စင်လစာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် ပင်စင်လစာလာရောက် ထုတ်ယူသူဦးရေ ၄၀၀ မှ ၅၀၀ ကြားရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အငြိမ်းစားအစိုးရဝန်ထမ်းဦးရေ စုစုပေါင်း ၁၅၀၀ ဦးခန့်ရှိပြီး ထုတ်ယူရန်ကျန်ရှိသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းနှင့်အညီ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)