သံဖြူဇရပ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် အခြေခံပညာကျောင်းများမှ ဆုရကျောင်း သား/သူ များအား ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ်မြို့နယ်အတွင်း အခြေပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ ဆုရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း (ပညာ့ဗိမာန်) ခန်းမ၌ ကျင်းပခဲ့သည်။