ဖျာပုံမြို့ ၌ ၂၀၂၂ ခုနှစ်၊ အာဟာရဖွံ့ ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ အာဟာရဖွံ့ ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်ကဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနအတွင်းစာဖတ်ဝိုင်းကို ယ‌မန်‌နေ့မွန်းလွဲ (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြိုတင်တိုကင်စနစ်ဖြင့် ပင်စင်လစာများ ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဘဏ်ဖွင့်ရက်များအတိုင်း ပင်စင်လစာများ နေ့စဉ်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာ ထုတ်ယူသူများသောရက်များ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးတို့အတွက် ကြိုတင်တိုကင်စနစ်ဖြင့် ပင်စင်လစာထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)မှ သိရသည်။

ဒေါပုံမြို့နယ်၌ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ စာပေကိုချစ်မြတ်နိုးသော ပြည်သူများ၊ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစိမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၃ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် ဒက္ခိဏလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝန်ဇင်းရပ်ကွက် ဒက္ခိဏလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စုတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စုတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်များ ၁၅ ရက် တစ်ကြိမ် ဆွတ်ခူးရောင်းချနေရပြီး တစ်လနှစ်ကြိမ် ဆွတ်ခူးရောင်းချရကြောင်း ကွမ်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။

ထားဝယ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ

ထားဝယ်မြို့တွင် ဒေသထွက်ငပိအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၉/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to