မင်းလှ ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရက်တပင်အုပ်စု၊ သရက်တပင် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများကို မူခင်းကျဆင်းရေးနှင့် လူကုန်ကူးမှုအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော် က အမှာစကားပြောကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းနိုင် က မူခင်းကျဆင်းရေး အသိပညာပေးပြောကြားသည်။
ဆက်လက်၍ တပ်ဖွဲ့စိတ် (၂)လူကုန်ကူးမှုတားဆီးနှိမ်းရေးရဲတပ်ဖွဲ့ သာယာဝတီခရိုင်ရုံးမှ ရဲအုပ်ဥက္ကာသွင် က လူကုန်ကူးခြင်းမခံရအောင် သတိပြုရမည့်အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါ က ပြစ်ဒဏ်ကျခံရမည့်အချက်များ စသည်တို့ကို (Power Point) ဖြင့် ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား/သူများ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)