Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်

ဒဂုံ   သြဂုတ်    ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ရပ်ကွက်များ၊ ကျောင်းများသို့ Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းသို့  ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်အသစ်များကို ထပ်မံ၍ ပြန်လည်ငှားရမ်းပေးခဲ့ကြသည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ ကျောင်းသားကျောင်းသူများ စာပေ၏တန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန် စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို သေချာစွာ ဝေဖန်ပိုင်းခြားတတ်လာစေရန်၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်သည့်အတွက် စာပေအသိရှိလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်များငှားရမ်းပေးခြင်းကို ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်များသို့ အပတ်စဉ် အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မေသန္တာ