ကန့်ဘလူ၌ ကလေးငယ်များအား ဗီတာမင် A ၊သန်ချဆေးများ ဆက်လက်တိုက်ကျွေး

ကန့်ဘလူ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ကန့်ဘလူမြို့ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှ အသက် ၆ လမှ ၅ နှစ်ထိကလေးငယ်များအား ဗီတာမင် A၊ သန်ချဆေးများကို ဩဂုတ် ၂၃ ရက်နံနက် ၉ နာရီက ဆက်လက်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗီတာမင် A နှင့် သန်ချဆေးများကို အမျိုးသမီးကျန်းမာရေးဆရာမများ၊ သူနာပြုဆရာမများနှင့် ဘက်စုံသားဖွားဆရာမများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အသက် ၆ လမှ ၂ နှစ်ကြား ကလေးငယ်များကို ဗီတာမင် A ဆေး တိုက်ကျွေးပြီး၊ အသက် ၂ နှစ်မှ ၅ နှစ်ထိ ကလေးငယ်များအား ဗီတာမင် A နှင့် သန်ချဆေးများတိုက်ကျွေးလျက်ရှိကြောင်းနှင့် ယမန်နေ့က အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်မှကျန်ရှိသော ကလေးငယ်များကိုလည်း တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)