မူဆယ်မြို့ GlORY Primary ကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပန်လုံ(ဟောင်း)ကျေးရွာရှိ GlORY Primary ကျောင်းတွင် ကျောင်းသူ/သားများ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်မှုကာ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးကြီးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(၃၄၅၀)ဧက လျာထားစိုက်ပျိုးရာ (၂၉၉၂)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါများတိုးချဲ့၍ မိုးချည်မျှင်ရှည်ဝါ (၃၄၅၀)ဧက လျာထားစိုက်ပျိုးရာ (၂၉၉၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဘားအံ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ဆိုင်ရာသင်တန်းများဖွင့်လှစ်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(ကရင်ဇုန်)တို့ ကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့် အတားမဲ့ခရီးသွား လုပ်ငန်း(Barrier Free Tourism) ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ Than Lwin Paradise Hotel တွင် ကျင်းပသည်။

စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က စာဖတ်ရှိန်မြင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းယောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်သွားရောက်ဖူးမြော်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဝန်ကြီး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သြဂုတ်(၂၁)ရက် မွန်းတည်(၁၂)နာရီခွဲက မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်အားသွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ပေးကြပြီး ဘုရားအတွက် အလှူငွေများ

တနင်္သာရီမြို့နယ်၌ အသက်(၅)နှစ်အထက် ကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဇွန်လ ၂ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဌာနဆရာမများက

တောင်ကလပ်နှင့်ချောင်းဖျားကျေးရွာများတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံ ပြည်သူများတွေ့ဆုံ ဒေသဖွံ့ဖြိုးရေးများညှိနှိုင်းဆွေးနွေး၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ထောင်စုပုံစံ ပြင်ဆင်ခြင်းများဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်  ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍  မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ချောင်းဖျားကျေးရွာနှင့် တောင်ကလပ်ကျေးရွာများသို့ရောက်ရှိ၍ ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပြီး,၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အိမ်ထောင်စုပုံစံများဖြည့်သွင်း ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to