ငါန်းဇွန်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၉ ရက်နေ့မှစ၍ ကျေးရွာများအရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကျောက်တလုံးကျေးရွာအုပ်စု ရွှေပြည့်ရှင် ကျေးရွာရှိ ရွာဦးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ သရက်ချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး

 မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွား ရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကိုယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌  ကလေးငယ်များ ကာယဉာဏစွမ်းရည် မြင့်မားစေရန် ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးငယ်များ ကာဉာဏစွမ်းရည်မြင့်မားစေရန် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်  ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင် ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် နှင်းဆီပန်းပွင့်ခေါင်းစည်းကြိုးနှင့် ဆံထိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ Screabble ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် Community Centre ခန်းမတွင် ကြိုးခုန်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် တောင်သူများအား မက္ကာ‌ဒေးမီးယား (Macadamia)ပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက မဲခေါင် - လန်ချန်း စီမံကိန်းရန်ပုံငွေဖြင့် မက္ကာဒေးမီးယား ပျိုးပင်များပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာအုပ်စု၊ ဆည်သည်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့ နံနက်(၉) နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရေဖြူမြို့နယ်၊ ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုငွေများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ-ထ-က၊ ရေဖြူကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ချေးငွေပြန်လည်ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံ ကိန်း(VRFP)ရန်ပုံငွေ လွှဲပြောင်းပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က သစ်ခေါင်းကျေးရွာ ဘုရားကျောင်းခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to