အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

အလုံ     သြဂုတ်   ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ  စာရေးဆရာ ချစ်စံဝင်း၏ သားထံပေးစာ စာအုပ်ဖြင့်  စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆို စာဖတ်ဝိုင်းကို ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေး တတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချို က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ Book Club အဖွဲ့ဝင် စာရေးဆရာမ အေး (ရန်ကုန်တက္ကသိုလ်) ဆရာကြီး ဦးချစ်စံဝင်း၏ သားထံပေးစာစာအုပ်မှ အကြောင်းအရာများကို ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍  Book Club အဖွဲ့ဝင် မြို့နယ်သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးအောင်စိုး၊  တရားလွှတ်တော် ရှေ့နေ ဦးတင်ဇော်လတ်မှ  စာအုပ်ပါအကြောင်းအရာများကို ဖြည့်စွက်ဆွေး နွေးခြင်းနှင့် တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)