ချမ်းမြသာစည် ဩဂုတ် ၂၃
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည်များကို အများပြည်သူသိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်မှုကို ယနေ့နံနက် (၁၀)နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။
(Talk Show) ဆွေးနွေးပွဲတွင် သဘာ၀ဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးများနှင့် မုန်တိုင်းအန္တရာယ်၊ မြေပြိုမှုအန္တရာယ်စသည်တို့၏ ဆောင်ရန်၊ ရှောင်ရန်များအကြောင်း၊ ကြိုတင်ကာကွယ်တားဆီးရေးများအကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
(Talk Show) ဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ခင်စိမ်းဝင်း