မင်းပြား ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းနိုင်ရန် Mobile libraryကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မင်းပြားမြို့နယ် ဘူးပင်(အမက)၌ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိသည်။
Mobile library ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီမှူး ဒေါ်ခင်နီနီလွင်နှင့်ရုံးဝန်ထမ်းများက စာအုပ် စာစောင်များကို အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရန် စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ပြီး သုတစာအုပ်များ၊ မဂ္ဂဇင်း ရုပ်ပြဝတ္ထုစာအုပ်စာစောင်များယူဆောင်ကာ မင်းပြားမြို့နယ် ဘူးပင်(အမက) ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်