ကျောက်တံခါးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကျောက်တံခါး   ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က  မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်တို့ အဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ် လူဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုလပြည့်ဟန် က မသန်စွမ်းအမျိုးအစားများ၊ အခွင့်အရေးများ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ် ()ရပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများ စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲသို့ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်းမှ ဆရာမနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)