အထက ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ပေါင် သြဂုတ် ၂၃

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က လမင်းတစ်ရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက ကျွဲခြံ ကျောင်းအုပ်ဆရာမကြီး ဒေါမြမြမိုးက ဟောပြောပွဲ ကျင်းပပြု လုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား /ကျောင်းသူများ အတွေးအခေါ် မြင့်မား​ဖို့ စာပေလေ့လာဖတ်ရှူ့စို့ ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က လူကုန်ကူးမှု၏ အဓိပ္ပါယ်နှင့် လူကုန်ကူးရမှုဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများ၊ လူကုန်ကူးမှုကိုဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များကို ရှင်းလင်း ဟောပြောခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးကက ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပြီး မူးယစ်ဆေး ဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များကို ပြသခဲ့ရာ ဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်းသိရသည်။

မွန်မလေး