အားကစားနှင့်ပညာရေး အားကစားနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ကြို့ပင်ကောက် ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထက(ပန်းတင်‌)ကျောင်းတွင် အားကစားနှင့်ပညာရေး အားကစားနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောကျော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းလေးက ကလေးငယ်များ စိတ်ဓာတ်ကောင်းမွန်သော သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရန် အသိပညာပေးဟောပြော၍ မြို့နယ်အားကစားမှူး ဦးမြင့်နိုင်က အားကစားနှင့်ကျန်းမာရေး၊ ပညာရေးတို့အကြောင်း အသေးစိတ်အသိပညာပေး ဟောပြောပြီး ဝူရှူးအားကစားနည်း၊ မြန်မာရိုးရာခြင်းလုံးအလှခပ်နည်း တို့ကို မြို့နယ်အဆင့် အားကစားပညာရှင်များမှ သရုပ်ပြ ကစားခဲ့ကြကြောင်း သိရသည်။

အနာဂတ်သားကောင်းရတနာ ကလေးငယ်လေးများအား ပညာရေးသာမက အားကစားနှင့် ကျန်းမာရေးတို့သည် ကျောင်းသားကျောင်းသူ လူငယ်လေးများအတွက် အရေးကြီးကြောင်း သိရှိစေရေးအတွက် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် ကျောင်းသားလူငယ်များ ကာယအချိန်များတွင် အသုံးပြုနိုင်ရန် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာကြီးထံ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှူးမှ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)