ကွန်ဟိန်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre)ခန်းမ၌ အသိပညာပေးဓာတ်တ်ပုံပြပွဲအား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြပွဲတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ သဘာဝ ဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး မှတ်တမ်းဓာတ် ပုံများ ထည့်သွင်းပြသထားပါသည်။
အဆိုပါပြပွဲအား အများပြည်သူဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၊ စာဖတ်ပရိတ်များ၊ ကျောင်းသား/ ကျောင်းသူများမှ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)